top of page
  • Writer's pictureMyanmar Mission To UN

Remarks by Ambassador Kyaw Moe Tun at the Media Stakeout on the UNSC Closed Meeting on Myanmar





Remarks by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the Media Stakeout on the UNSC Closed Meeting on Myanmar, held on 5 February 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


မြန်မာနိုင်ငံအရေးကိစ္စအတွက် လုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေးကျင်းပခြင်းနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းလင်းပြောကြားရာတွင် စစ်တပ်အနေဖြင့် စစ်လေယာဉ်များနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြု၍ စာသင် ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦများအပေါ် လေကြောင်းမှတဆင့် တိုက်ခိုက်မှုများကို အစဉ်တစိုက် ကျူးလွန်နေ၊ ယနေ့တွင်လည်း စစ်တပ်က ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ ဒီမော့ဆို့ရှိ စာသင်ကျောင်းတစ်ခုအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ကလေးငယ်များ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းကြောင်းကို ထည့်သွင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)


၁။        ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့် စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေးကို  ၅-၂-၂၀၂၄ ရက် (တနင်္လာနေ့) နံနက် (၁၀၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေး မကျင်းပမီ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများ ဖြစ်သော အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လ်တာ၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ အမေရိကန် နှင့် ဗြိတိန် (၉) နိုင်ငံ၏ ပူးတွဲကြေညာချက် (Joint Statement) ကို ဗြိတိန် အမြဲတမ်းကိုယ်စားလှယ်က ဖတ်ကြားခဲ့ပါသည်။ ယင်းကြေညာချက် ဖတ်ကြားမှုအပြီးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မှတ်ချက်စကား ပြောကြားခဲ့ပါသည်။


၂။         မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မှတ်ချက်စကားတွင် အောက်ဖော်ပြပါ အဓိကအချက် များ ပါဝင်ပါသည်-


(က)     မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ တံခါးပိတ်အစည်းအဝေးအား စီစဉ်ဆောင်ရွက်ပေးသော Pen-holder ဗြိတိန်နိုင်ငံနှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဂိုင်ယာနာနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊


(ခ)       အစည်းအဝေးအား တံခါးဖွင့်အစည်းအဝေးပုံစံဖြင့် ကျင်းပနိုင်ရန် မိမိတို့မျှော်လင့်ခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့မှ ပူးတွဲမိန့်ခွန်းထုတ်ပြန်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊


(ဂ)       မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ စတင်ခဲ့သည့် တရားမဝင် စစ်အာဏာသိမ်းမှု (၃) နှစ် တင်းတင်း ပြည့်မြောက်လာခဲ့သည့်တိုင် မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်မှုအား တစ်စိုက်မတ်မတ် ထုတ်ဖော်ပြသခဲ့ကြောင်း၊


(ဃ)     အာဏာသိမ်း စစ်တပ်ကမူ ပြီးခဲ့သော (၃) နှစ်တာ ကာလအတွင်း၌ လူပေါင်း (၄,၄၀၀) ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းတို့ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ (၂.၆) သန်း ကျော်ရှိလာကြောင်း၊ စစ်တပ်၏ တပ်ဖွဲ့ဝင်များကလည်း ဘာသာရေးအဆောက်အဦများ အပါအဝင် အရပ်သားပြည်သူပိုင်အဆောက်အဉီ (၈၆,၀၀၀) ကျော်အား ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ယခုအခါ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အရေးတကြီးလိုအပ်နေသူ (၁၉) သန်းခန့်ရှိပြီး၊ လူဦးရေထက်ဝက်မှာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရကြောင်း၊


(င)       ထို့ပြင် ၂၀၂၂ ခုနှစ်၊​ ဒီဇင်ဘာလအတွင်း၌ လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အား အတည်ပြုချမှတ်ခဲ့သော်လည်း စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊


(စ)       စစ်တပ်မှ အဆိုပါ ဆုံးဖြတ်ချက်အဆိုအား အပြည့်အဝ လိုက်နာမှုရှိစေရန် လုံခြုံရေးကောင်စီ အနေဖြင့် ယနေ့တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် ယင်းဆုံးဖြတ်ချက် အဆိုအပေါ် အခြေခံကာ ပိုမို ခိုင်မာအားကောင်း၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်နိုင် မည့် ဆုံးဖြတ်ချက်အဆိုတစ်ခုကို ထပ်မံချမှတ်ရန် လိုအပ်လျက်ရှိသည်မှာ သိသာထင်ရှား ကြောင်း၊


(ဆ)     စစ်တပ်အနေဖြင့် စစ်လေယာဉ်များနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြု၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦများအပေါ် လေကြောင်းမှတဆင့် တိုက်ခိုက်မှုများကို အစဉ်တစိုက် ကျူးလွန်နေမြဲဖြစ်ကြောင်း၊ ယနေ့တွင်လည်း စစ်တပ်က ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ ဒီမော့ဆို့ရှိ စာသင်ကျောင်းတစ်ခုအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ကလေးငယ်များ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ အလွန်ဝမ်းနည်းကြေကွဲဖွယ် ကောင်း ကြောင်း၊


(ဇ)       ယင်းစစ်တပ်လက်ဝယ်သို့ လက်နက်များ၊ လေယာဉ်ဆီများနှင့် ငွေကြေးများ စီးဆင်းနေမှုကို မဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း၊ မိမိမှ အဖန်ဖန်တလဲလဲ မေးမြန်းခဲ့သည့် မေးခွန်းမှာလည်း မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်ရန် ၎င်းတို့အနေဖြင့် မည်သည်ကို စောင့်ဆိုင်းနေသနည်းဟူ၍ပင်ဖြစ်ကြောင်း၊


(ဈ)      တစ်ဖက်တွင်လည်း အွန်လိုင်းလိမ်လည်မှုများ၊ တရားမဝင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု များနှင့် လူကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ခြိမ်းခြောက်မှုအန္တရာယ်သည်လည်း မြင့်တက်လာလျက်ရှိကြောင်း၊ ယင်းပြဿနာမှာ ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန် ကူးစက် ပျံ့နှံ့နေပြီဖြစ်ကြောင်း၊ ယင်းသို့သော ကြီးမား စိုးရိမ်ဖွယ်ရှိသည့် ပြဿနာတွင် စစ်တပ်နှင့် ၎င်းတို့နှင့် ဆက်နွယ်သော နယ်ခြားစောင့်တပ်များ ပါဝင်မှုရှိသည်ကို အများစုက ထောက်ပြ ထားပြီး ဖြစ်ကြောင်း၊


(ည)     လုံခြုံရေးကောင်စီအနေဖြင့် အဆိုပါ ပြဿနာကို အချိန်မီထိရောက်စွာ ဖြေရှင်းရမည့် အချိန်ပင်ဖြစ်ကြောင်း၊


(ဋ)       မိမိတို့ အနေဖြင့်မှု၊ မြန်မာပြည်သူများသည် စစ်အာဏာရှင်အား တညီတညွတ်တည်း ဆန့်ကျင် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ တရားမျှတမှု ရှိသော ဒီမိုကရေစီအသိုက်အဝန်းတွင် ရှင်သန်နေထိုင်လိုကြပါကြောင်း၊


(ဌ)       အခြားတစ်ဖက်တွင်လည်း ဒီမိုကရေစီ အင်အားစုများအနေဖြင့် မြေပြင်တွင် အနိုင်ရရှိနေပြီး စစ်တပ်မှာ အကြီးအကျယ် ကျရှုံးလျက်ရှိကြောင်း၊ အထူးသဖြင့် မဟာမိတ်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးနှင့် ယင်း၏ နောက်ဆက်တွဲ စစ်ဆင်ရေးများ၏ အံမခန်းအောင်မြင်မှုများကို ကြည့်ခြင်းအားဖြင့် စစ်တပ်အား နှိမ်နင်းရန် ခက်ခဲမှုမရှိသည်မှာ မျက်ဝါးထင်ထင် ဖြစ်လာ ပါကြောင်း၊


(ဍ)       မိမိတို့၏ တော်လှန်ရေးသည် ပြည်သူများထံမှ ရှင်သန်ပေါက်ဖွားလာပြီး ပြည်သူကို အလေးထား ဗဟိုပြုကြောင်း၊ သို့ရာတွင် နိုင်ငံတကာအသိုက်အဝန်း၏ အကူအညီကိုလည်း အထူးလိုအပ်ပါကြောင်း၊


(ဎ)       အထူးအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံမှ ပူးပေါင်းညှိနှိုင်း၍ ထိရောက်မှုရှိသော အရေးယူ လုပ်ဆောင်ချက်များနှင့် တစ်နိုင်ငံချင်းစီ၏ ကူညီထောက်ပံ့မှုများကို အရေးတကြီး လိုအပ်ပါကြောင်း၊


(ဏ)     သို့ဖြစ်ပါ၍ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အချိန်မီကယ်တင်နိုင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အပေါ် အခြေခံသည့် ပိုမို ခိုင်မာအားကောင်းသော၊ ထိရောက်မှုရှိသော ဆုံးဖြတ်ချက်အဆို အသစ်တစ်ရပ် အား ထပ်မံ အတည်ပြုချမှတ်ရန် ထပ်လောင်း တောင်းဆိုလိုပါကြောင်း။


၃။        ထို့နောက် သတင်းထောက်များက စစ်တပ်ထံသို့ လက်နက်တင်ပို့ရောင်းချနေသူများအနက် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့ ပါဝင်နေသည်ဟု သိရှိရသဖြင့် လက်နက်ရောင်းချမှုနှင့် လေယာဉ်ဆီ ဖြတ်တောက်မှုနိုင်ရေး ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် မည်မျှယုံကြည်ချက်ရှိကြောင်းနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာ လစ်လပ်နေမှုကြောင့် မြေပြင်၌ ပကတိဖြစ်ပျက်နေသည့် အခြေအနေများအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို သိရှိလို ကြောင်း မေးမြန်းခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာပြည်သူများအနေဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံအားလုံးအား စစ်တပ်ထံသို့ လက်နက်ထောက်ပံ့နေမှုအား ရပ်တန့်ကြရန် အမြဲတစေ တောင်းဆိုလျက်ရှိကြောင်း၊ စစ်တပ်ထံသို့ လက်နက်ရောင်းချမှုများ ပြုလုပ်နေခြင်းအားဖြင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခွင့်ပေးရာရောက်သောကြောင့် ယင်းလုပ်ရပ်အား တားမြစ်နိုင်ရန် နိုင်ငံတကာ အသိုက်အဝန်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ဖိအားပေးမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒုတိယမေးခွန်းမှာ အလွန် အမေးများသည့် မေးခွန်းဖြစ်ကြောင်း၊ စင်စစ်အားဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား ခန့်အပ်ရန် ကြန့်ကြာနေခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အရေးကိစ္စအပေါ် မည်မျှစိတ်ပါဝင်စား၍ အာရုံစိုက်မှုနည်းသည်ကို သိမြင်နိုင်ကြောင်း၊ လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံ၏ အခြေအနေကို အမှန်တကယ်နားလည်၍ အဆိုပါ ရာထူးနေရာအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာအတွင်းမှ မြန်မာပြည်သူများ၏ဆန္ဒကို ထိရောက်မှုရှိစွာ ဖော်ဆောင်ပေးနိုင် မည့်သူအား အမြန်ဆုံး ခန့်အပ်တာဝန်ပေးရန် အထူးလိုအပ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မှတ်ချက်စကား အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


 

 Please check against delivery


Remarks by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, at the Media Stakeout on the UNSC Closed Meeting on Myanmar


(New York, 5 February 2024)


  • I thank the member states especially UK as a pen-holder and Guyana as the President of the Council for organizing this UNSC closed meeting on Myanmar.

  • We wish that the meeting would be an open meeting.

  • I also thank the member states for issuance of the joint statement on Myanmar.

  • Three years after the illegal military coup in 2021, the people of Myanmar have never stopped showing their determination against the military dictatorship.

  • Last three years, over 4400 people have been brutally killed by the junta. More than 2.6 million people have been internally displaced. Over 86,000 civilian properties including religious buildings have been destroyed or burnt down by the junta forces. Almost 19 million people are in need of humanitarian assistance. Half of the population has been thrown into poverty.

  • The military junta continues its atrocities against the people of Myanmar even after the adoption of Resolution 2669 in December 2022.

  • The UNSC so far cannot do anything to enforce the military junta to adhere to the resolution. Clearly we need an enforceable resolution building on the Resolution 2669.

  • The military junta continues using fighter jets and helicopters to conduct aerial attacks on civilian areas including schools, hospitals and religious buildings. Even today the military junta conducted air attacks on a school in Demoso, Karenni (Kayah) State, killing a number of children. It is so sad.

  • We need to stop flow of arms, jet fuel and money to the military junta.

  • My question again and again is what they are waiting for to save lives of the people.

  • Moreover, threat of transnational organized crimes including online scam, drug and human trafficking is rising. It already has huge impact on the region and beyond.

  • Many pointed out that the military junta and its affiliates, border guard forces are involved in this serious issue.

  • It is high time for the UNSC to address the issue seriously and take effective action accordingly.

  • On our part, we, the people of Myanmar are unified in opposition to the military dictatorship. We wish to live in a free, peaceful, inclusive, just and democratic society.

  • Democratic forces are gaining ground. Military junta is losing every day.

  • The significant success of 1027 operation and subsequent operations by the allied forces revealed that the military junta is not too big to fail after all.

  • Our revolution is homegrown, people-centered and people-oriented one. But we need help from the international community.

  • Coordinated concrete actions both from the UN Security Council and individual member states are needed immediately.

  • Therefore I appeal again the member states of the UN Security Council to adopt a follow-up enforceable resolution timely to save lives of the people of Myanmar.

  • I thank you.

 

***** 







 

bottom of page