top of page
  • Writer's pictureMyanmar Mission To UN

Remarks by Ambassador Kyaw Moe Tun at Averting Catastrophe in Myanmar on the margin of G-20 Meeting


Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations at the “Averting Catastrophe in Myanmar: COVID 19, Economic Collapse and an Effective International Response” on the margin of G-20 Meeting in Rome, Italy


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


စစ်ကောင်စီအားကုလသမဂ္ဂနှင့် အာဆီယံအစည်းအဝေးများသို့တက်ရောက်ခွင့်မပြုသည့်အပေါ် ကြိုဆိုကြောင်းနှင့် စစ်ကောင်စီအားအသိအမှတ်မပြုရေးကို ဆက်လက်ဆောင်ရွက်ရန်နိုင်ငံတကာအသိုင်းအဝိုင်းအားတိုက်တွန်းပြောကြား


(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)


၁။ အီတလီနိုင်ငံ၊ ရောမမြို့တွင် မကြာမီကျင်းပမည့် G-20 အစည်းအဝေးနှင့်ဆက်စပ်၍ ၂၇- ၁၀-၂၀၂၁ ရက်နေ့တွင် “Averting Catastrophe in Myanmar: COVID 19, Economic Collapse and an Effective International Response” ခေါင်းစဉ်ဖြင့်Side Eventတစ်ခုကို hybrid ပုံစံဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒေါက်တာဝင်းမြတ်အေး၊ Mae Tao ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်တို့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက် ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါက်တာနေလင်းထွန်းက COVID-19 နှင့် ပတ်သက်၍ ကုသ စောင့်ရှောက်ပေးမှုနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများအပေါ် စစ်တပ်မှ ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖောက်ကာ အဆမတန် အင်အားသုံးဖြိုခွင်းမှုများကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဆေးကုသပေးမှု တို့တွင် ၎င်း၏အတွေ့အကြုံတို့ကို ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။


၂။ အဆိုပါဆွေးနွေးပွဲတွင် အီတလီ ဆီးနိတ်အဖွဲ့ဝင်၊ အငြိမ်းစား အီတလီကျန်းမာရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့လည်း ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။


၃။ အမြဲတမ်းကိုယ်စားလှယ်က ပါဝင်ဆွေးနွေးပြောကြားရာတွင်အောက်ပါအချက်များ အဓိကပါဝင် ပါသည် -


- COVID-19 ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်ခဲ့ရပြီး၊ မြန်မာနိုင်ငံသည်လည်း ပါဝင်ကြောင်း၊ ယင်းသို့ အကြပ်အတည်းကာလ၌ပင် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း၊ မြန်မာပြည်သူလူထုသည် ၎င်းတို့၏ ရင်ဝယ်ကိန်းအောင်းနေသည့် ဒီမိုကရေစီရှင်သန်ထွန်းကားရေး စိတ်အားထန်သန်မှုကို မဲပြားများမှတစ်ဆင့် သက်သေထူခဲ့ကြောင်း


- မြန်မာပြည်သူလူထူ၏ စိတ်ဆန္ဒသဘောထားများကို မျက်ကွယ်ပြု၍ မြန်မာစစ်တပ်သည် --၂၀၂၁ ရက်နေ့တွင် နိုင်ငံ၏အာဏာကို မတရားသိမ်းယူခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ မြန်မာပြည်အနှံ့ရှိ မြန်မာ ပြည်သူလူထုသည် စစ်တပ်အား ဆန့်ကျင်ခဲ့ကြပြီး၊ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုခဲ့ကြ ကြောင်း၊ မြန်မာပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုများကို စစ်တပ်က ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် တုံ့ပြန်ဖြေရှင်းခဲ့ပြီး၊ အလွန်ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသား မျိုးနွယ်မှုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအထိပင် ကျူးလွန်ခဲ့ကြကြောင်း၊


- နိုင်ငံတကာအသိုက်အဝန်းနှင့် အာဆီယံအဖွဲ့အနေဖြင့် မြန်မာစစ်တပ်အား အောက်ပါအရေးယူမှုများ ပြုလုပ်နိုင်ရန်တိုက်တွန်းအကြံပြုပါကြောင်း-


(က) ပထမအချက်မှာ နိုင်ငံရေးရာနှင့် သတံမန်ရေးရာကဏ္ဍတို့၌ စစ်အာဏာရှင်အား ဖိအားပေးမှုသည် ထိရောက်သဖြင့် ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မြန်မာစစ်တပ်နှင့် စစ်ကောင်စီအား အသိအမှတ် မပြုရေးကို နိုင်ငံတကာအသိုက်အဝန်းမှ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စစ်ကောင်စီအား ကုလသမဂ္ဂနှင့် အာဆီယံအစည်းအဝေးများတွင် ဆက်လက်ဖယ်ချန်ထားရန်ဖြစ်ကြောင်း၊ လက်ရှိကျင်းပနေ သည့် အာဆီယံအစည်းအဝေးများသို့ စစ်ကောင်စီ၏ ကိုယ်စားလှယ်အား တက်ရောက်ခွင့်မပြုခဲ့ခြင်းနှင့် UN-ASEAN အစည်းအဝေးအား ရွှေ့ဆိုင်းခဲ့ခြင်းသည် စစ်ကောင်စီအား ဖိအားပေးရာ၌ ထိရောက်သည့် သာဓကများဖြစ်ကြောင်း၊


နိုင်ငံတကာအစည်းအဝေးများ၌ မြန်မာပြည်သူလူထုကိုကိုယ်စားပြုမည့် ကိုယ်စားလှယ်များနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်သူလူထု၏ အသံကိုကျယ်ကျယ်လောင်လောင် ကြားသိနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်းနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက မကြာမီကြေညာရန် မျှော်လင့်ကြောင်း၊


(ခ) ဒုတိယအချက်မှာ စစ်တပ်အကျိုးစီးပွားအတွက် အထောက်အကူပြုသည့် ငွေကြေးစီးဆင်းမှုများကို ချက်ချင်းရပ်တန့်ရန်ဖြစ်ကြောင်း၊ စစ်တပ်နှင့် ယင်းနှင့်ဆက်စပ်သည့် လုပ်ငန်း၊ အဖွဲ့အစည်းများနှင့် စစ်တပ်မှတာဝန်ရှိသူများအပေါ် ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများကို ကြိုဆိုကြောင်း၊ မိမိတို့အနေဖြင့် ပိုမိုပြင်းထန်ထိရောက်သည့် အရေးယူဆောင်ရွက်မှုမျိုးကိုဖြစ်နိုင်ပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တစ်ဆင့်ချမှတ်သင့်ကြောင်း၊ ငွေကြေးစီးဆင်းမှုဖြတ်တောက်ရာတွင် ဒေသတွင်းနိုင်ငံများမှ ထိရောက်သည့် အရေးယူမှုများပြုလုပ်ရန် အရေးကြီးကြောင်း၊


(ဂ) တတိယအချက်မှာ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ အာဆီယံ၏ အခန်းကဏ္ဍသည် အခရာကျသည့် အားလျော်စွာ အာဆီယံအနေဖြင့် မြန်မာစစ်တပ်အား သံတမန်ရေးနှင့် နိုင်ငံရေးဆိုင်ရာဖိအားပေးခြင်းဖြင့် အာဆီယံသည် မြန်မာပြည်သူလူထုနှင့် အတူရပ်တည်ကြောင်း ဆန္ဒကို ပြသသင့်ကြောင်း၊ အာဆီယံ နိုင်ငံများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပွင့်ပွင့်လင်းလင်းထိတွေ့ ဆက်ဆံရန် တိုက်တွန်းကြောင်း၊


အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်သည် အရေးကြီးကြောင်း၊ မတရားထိန်းသိမ်းထားသည့် နိုင်ငံ ခေါင်းဆောင်များနှင့် မတရားဖမ်းဆီးထားသည့်သူများအား ချက်ချင်းလွှတ်ပေးရန် အချက်သည် အာဆီယံ၏ ဘုံသဘောတူညီချက်တွင် ပါရှိသင့်ကြောင်း၊ ယင်းအချက်အား အာဆီယံအနေဖြင့် အနာဂတ်တွင် ထည့်သွင်း တောင်းဆိုသင့်ကြောင်း၊


ဂျီ-၂၀ လာမည့်ဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်မည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံကိစ္စ အပါအဝင် အာဆီယံအတွင်း ရင်ဆိုင်နေရသည့် ပြဿနာများဖြေရှင်းရာတွင် ဂျီ-၂၀ အားကိုရရှိအောင် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ကြောင်း၊


(ဃ) စတုတ္ထအချက်မှာလူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် ပြည်သူများထံသို့ နယ်စပ်ဖြတ်ကျော်၍ အကူအညီပေးခြင်းအပါအဝင် အခြားလူသားချင်းစာနာထောက်ထားမှု အကူအညီ များကို အမြန်ဆုံးထောက်ပံ့ပေးနိုင်ရန် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း၊


(စ) နောက်ဆုံးအချက်မှာ မိမိတို့နိုင်ငံသူနိုင်ငံသားများအတွက် အချိန်သည် လွန်စွာအရေးကြီးကြောင်း၊ မြန်မာ့အရေးအားဖြေရှင်းရန် အာဆီယံ၏ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း၊ အာဆီယံအဖွဲ့တစ်ခု တည်းဖြင့် မလုံလောက်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၏ တိကျပြတ်သားခိုင်မာသည့် အကူအညီ များကို ဆက်လက် လိုအပ်ပါကြောင်း။


၄။ မြန်မာနိုင်ငံနှင့်ပြည်သူများအပေါ် ထောက်ခံပေးသည့် အီတလီနှင့် အီတလီပြည်သူများအပေါ် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။


၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးပြောကြားမှုအပြည့်အစုံ (အင်္ဂလိပ် ဘာသာ) အားပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations at the

“Averting Catastrophe in Myanmar: COVID 19, Economic Collapse and an Effective International Response” on the margin of G-20 Meeting in Rome, Italy


(27 October 2021)


Thank you Mr. Moderator,


The Honourable Senators, Excellencies, ladies and gentlemen,


Good afternoon

  • At the outset, I wish to thank you all for organizing this event at this important juncture, and it is timely.

  • Thanks for the question.

  • I am very encouraged by the words of support from Italy just mentioned by Her Excellency Ms. Gabriella Biondi.

  • To make my answer more complete, allow me to explain briefly what happened and where we are now. I am aware that many of you know about Myanmar well. I will not go in detail.

  • COVID-19 pandemic has exacerbated the existing challenges all countries face in each and every areas. Myanmar is no exception.

  • Even in this challenging time, we had the successful free and fair election in November 2020 where State Counsellor Daw Aung San Suu Kyi led National League for Democracy won the land slide victory. The people of Myanmar had shown their eagerness and attachment to democracy through their ballots at the elections.

  • Ignoring entirely the people’s desire expressed through the free and fair elections, the Military staged a coup on 1 February 2021. Then, people from all walks of life have come out on the streets all over the country to express our disappointment with the military and demand the restoration of democracy in Myanmar.

  • The military responded in a disproportionate manner to the peaceful mass protests throughout the country by the very means they are capable of: brutality, and began committing serious human rights violations amounting to crimes against humanity.

  • We all just heard the testimony of Dr. Nay Lin Tun on his own experience. It is indeed very painful not only for the people of Myanmar but also those are listening to him.

  • The people of Myanmar are resilient, perseverance and united in fighting for the end of military coup, release of all unlawful detainees, and restoration of democracy in Myanmar as well as building a federal democratic union.

  • We thank the international community for their support towards the people of Myanmar. Yet not enough. We still need the continued support from the international community by taking a stronger, more decisive measure against the military in a timely manner.

  • What is our hope for the international community and what role ASEAN can play!

  • First, political and diplomatic pressure should be exerted further. It does work. No recognition whatsoever by the international community on the military and its State Administrative Council should continue. Keep the military out from international conferences including UN and ASEAN. Good examples are no representative from the SAC was allowed to the ongoing ASEAN Summits and recent postponement of UN-ASEAN meeting.

  • The international community must make sure those voices of the people of Myanmar heard at such conferences through representatives of the people and the National Unity Government. I wish that the international community will soon be in a position to publicly recognize the NUG as a legitimate government of the people of Myanmar.

  • Second, financial flow into the military should be cut immediately. We welcome the targeted sanctions imposed against the military, its institutions and some individuals by some member states. We thank those member states in this regard. We still need coordinated, targeted and tougher measures, if possible, through the United Nations Security Council.

  • Countries in the region are also important to take bold measures to cut the financial flow from their countries into the military.

  • Third, the role of ASEAN is important. ASEAN should exert the further diplomatic and political pressure on the military by demonstrating stand firm with the people of Myanmar.

  • ASEAN’s 5-point consensus is indeed important. An important element of the immediate release of our leaders and other unjustly detained should have been in the agreed points. Therefore, it should be included in the future demand of ASEAN.

  • ASEAN’s engagement with the NUG is imperative. While thanking some member states for their continued engagement, we urge ASEAN member states to explore ways to engage with NUG openly.

  • The next chair of G-20 is from the region, Indonesia. With its theme of “Recover together, recover stronger”, we are confident that Indonesia will play an important role to bring the strength of G-20 to ASEAN to overcome the challenges we face including the issue of Myanmar. In this regard, ASEAN can work together to cut financial flow into the military. Then, the international community including G-20 and ASEAN can help Myanmar in its recovery efforts.

  • Fourth, we urge the international community including ASEAN to provide, as a matter of urgency, humanitarian assistance to the people in need through all possible means including cross border assistance. Since other speakers will be talking about this area, I will not elaborate further.

  • Finally, time is of the essence for us. While appreciating the role of ASEAN, ASEAN alone to solve the Myanmar crisis is not enough and the international community’s continued, strong and decisive support is always needed ever than before.

  • I wish to conclude by thanking Italy, Chair of G-20 and her people for the continued support towards the people of Myanmar. I thank you.


****








bottom of page