top of page
  • Writer's pictureMyanmar Mission To UN

Remarks by Ambassador Kyaw Moe Tun at Asian-American Pacific Islander Heritage Month Celebration



Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Asian-American Pacific Islander Heritage Month Celebration of New York City Fire Department, held on 31 May 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


နယူးယောက်မြို့၊ မီးသတ်ဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်သော “အာရှ-အမေရိကန် ပစိဖိတ် ကျွန်းသူကျွန်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ် လရာသီ” အစီအစဉ်သို့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

တက်ရောက် အမှာစကား ပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သည် နယူးယောက်မြို့ အခြေစိုက် မီးသတ်ဌာန FDNY Phoenix Society ၏ ဖိတ်ကြားမှုအရ ၂၀၂၃ ခုနှစ်၊​ မေလ (၃၁) ရက်နေ့၌ ကျင်းပပြုလုပ်သော “အာရှ-အမေရိကန် ပစိဖိတ် ကျွန်းသူကျွန်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ် လရာသီ” (Asian American Pacific Islander Heritage Month) အစီအစဉ်သို့ တက်ရောက်ခဲ့ပါသည်။


၂။ နယူးယောက်မြို့ရှိ မီးသတ်ဌာနချုပ်အနေဖြင့် နှစ်စဉ် မေလ အခါသမယကျရောက်သည့်အခါ၌ မတူကွဲပြားခြားနားသော ယဉ်ကျေးမှုအစုအဖွဲ့များ၏ ယဉ်ကျေးမှုများကို ပြသလေ့ရှိရာ ယမန်နှစ်က ဖိလစ်ပိုင်နိုင်ငံ၏ ယဉ်ကျေးမှုများကို တင်ဆက်ပြသခဲ့ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို အဓိကတင်ဆက်ပြသခြင်း ဖြစ်သောကြောင့် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဆိုပါအစီအစဉ်သို့ တက်ရောက်၍ မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို ဖော်ညွှန်းပြောကြားခဲ့ပါသည်။


၃။ ထိုသို့ပြောကြားရာတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ တည်နေရာ၊ အကျယ် အဝန်း၊ နယ်နိမိတ်ထိစပ်သည့် နိုင်ငံများ၊ လူဦးရေနှင့် တိုင်းရင်းသားလူမျိုးများကို မိတ်ဆက်ပြောကြားခဲ့ ပါသည်။ တစ်ဆက်စပ်တည်းမှာပင် မြန်မာနိုင်ငံ၏ ဘာသာရေးယုံကြည်ကိုးကွယ်မှုနှင့်အတူ ပြည်တွင်း၌ အခြား ဘာသာရေးယုံကြည်ကိုးကွယ်မှုများကိုလည်း လွတ်လပ်စွာ ကိုးကွယ်နိုင်မှုနှင့် မြန်မာနိုင်ငံအတွင်း ဘုရားစေတီပုထိုးများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ မူဆလင်ဗလီများနှင့် ဟိန္ဒူဘုရားကျောင်းများ တည်ရှိမှုတို့ကိုလည်း အသိပေးပြောကြားခဲ့ပါသည်။ ပုဂံမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် မှတ်တမ်းတင်ခံရခြင်းတို့ကိုလည်း ပြောကြားခဲ့ပါသည်။


၄။ ဆက်လက်ပြီး မြန်မာနိုင်ငံတွင် (၁၂) လရာသီပွဲတော်များ ကျင်းပမှုနှင့် ခရစ္စမတ်ပွဲတော်၊ အီးဒ်နေ့ နှင့် ဒေဝါလီနေ့တို့အား ဆင်နွှဲကျင်းပမှု၊ မြန်မာနိုင်ငံ၏ ရိုးရာအနုပညာ၊ အကအလှ၊ တူရိယာပစ္စည်းများ နှင့် သံစဉ်များကိုသာမက ရိုးရာဝတ်စားဆင်ယင်မှုတို့ကိုလည်း အကျဉ်းချုံ့ပြောကြားခဲ့ပါသည်။ ထို့အတူ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ယဉ်ကျေးပျူငှာဖော်ရွေမှုနှင့် ဘာသာရေး ကိုးကွယ်ကိုင်းရှိုင်းမှု၊ ဘာသာရေးအဆုံးအမဖြင့် ကျင့်ကြံနေထိုင်မှုစသည်တို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။


၅။ ထို့နောက်တွင်မူ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားနေသည့်ကာလအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ စစ်အာဏာရှင်များက မတရား စစ်အာဏာသိမ်းမှု ပြုလုပ်ခဲ့ခြင်း၊ အရွေးချယ်ခံအရပ်သားအစိုးရအဖွဲ့မှ ခေါင်းဆောင်များကို စစ်တပ်က လက်နက်အားကိုးဖြင့် မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရေးနှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်အပ်နှင်းရေးတို့ကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သော်လည်း လူမဆန်သည့် စစ်တပ်က ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်လျက်ရှိမှု၊ တပြိုင်တည်းမှာပင် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် ပြည်သူများ အသက်ဆုံးရှုံးရခြင်း၊ အပြစ်မဲ့ပြည်သူများ ဥပဒေမဲ့ ဖမ်းဆီးထိန်းချုပ်ခံရခြင်း၊ ပြည်သူများ၏ နေအိမ်များနှင့် ကျေးရွာများအား ရွာလုံးကျွတ်မီးရှို့ခံရခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းတို့အပြင် နေရပ်စွန့်ခွာသူများနှင့် စစ်ဘေးဒုက္ခသည် များပြားလာ မှုတို့ကိုလည်း ပြောကြားခဲ့ပါသည်။​


၆။ အဓိကအားဖြင့် စစ်တပ်သည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသည့်အပြင် ၎င်းတို့ ကျူးလွန်လျက်ရှိသော ပြစ်မှုများမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။


၇။ တစ်ဖက်တွင်လည်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂနယ်ပယ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီတို့၌ စစ်တပ်အား အကြမ်းဖက်မှု ရပ်တန့်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အဆိုများကို အတည်ပြုချမှတ်ထားမှု၊ သို့ရာတွင် ပိုမို ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များကို ထပ်မံချမှတ်ရန် လိုအပ်လျက်ရှိမှု၊ မြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေးမှာ နေ့စဉ်နှင့်အမျှ ဆိုးရွားစွာ ချိုးဖောက်ခံရလျက်ရှိမှု၊ ထို့အပြင် ယခုလ (၁၄) ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဒုက္ခ များကို ထပ်လောင်းတိုးပွားလာစေခဲ့မှု၊ နိုင်ငံတကာအကူအညီများ လိုအပ်နေမှု၊ အကူအညီလိုအပ်နေ သည့် မြန်မာပြည်သူများ၏ လက်ဝယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အမှန်တကယ် ရောက်ရှိရန်လိုအပ်မှု၊ ပြည်သူ့ဆန္ဒနှင့်အညီ တည်ထောင်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ပြည်သူများအား ပံ့ပိုးကူညီထောက်ပံ့နေမှု၊ မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိမှုတို့ကို ပြောကြားခဲ့ပါသည်။


၈။ အထူးသဖြင့် စစ်အာဏာရှင်အား အမြစ်ပြတ်ချေမှုန်းနေသည့် ပြည်သူ့ခုခံတော်လှန်ရေးတွင် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများက အဓိကအခန်းကဏ္ဍမှ ပါဝင်အားဖြည့်လျက်ရှိသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြန့်ကျက်နေထိုက်လျက်ရှိသော မိမိတို့၏ ပြည်သူများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းနှင့် ယခုတက်ရောက်လာကြသည့် ဧည့်သည်တော်များအနေဖြင့်လည်း မိမိတို့နှင့် နီးစပ်ရာအသိုက်အဝန်းများကို မြန်မာနိုင်ငံအရေးကိစ္စအား ပိုမိုအာရုံစိုက်မှုရှိလာရေး၊ အကူအညီပေး ကြရေးအတွက် တိုက်တွန်းနှိုးဆော်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း အလေးထားပြောကြားခဲ့ပါသည်။


၉။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် အမှာစကားအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Remarks by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Asian-American Pacific Islander Heritage Month Celebration of New York City Fire Department


(New York, 31 May 2023)


Good morning ladies and gentlemen, honorable guests.

It is indeed my great privilege to be here with you and participate in today’s event, Asian-American Pacific Islander Heritage Month Celebration organized by the New York City Fire Department. I truly appreciate the FDNY for celebrating Myanmar’s culture this year.


I wish to express my sincere appreciation to Mr. Benjamin Chou, the Firefighter and President of the FDNY Phoenix Society and the Asian Community Outreach Coordinator of the New York City Fire Department, and his team Phoenix Society for organizing this event and the invitation.

For a country located in Southeast Asia, Myanmar also known as Burma, shares borders with China to the north and northeast, Laos to the east, Thailand to the southeast, Bangladesh to the west and India to the northwest. The culturally distinctive country is complimented by diverse flora and fauna and the landscape beauty of mountains, ranges, plateau, central basin, lowlands, coastal plains and beaches.

It is composed of a total area of more than 260,00 square miles and population of over 55 million. Whereas ethnic diversity of the country is relatively large, Kachin, Kayah, Kayin, Chin, Mon, Bamar, Rakhine and Shan are the 8 major ethnic groups of the country. In addition, over 100 ethnic minorities reside in Myanmar. They all co-exist in different parts of Myanmar, and share unique traditions and cultures, be it in the religion, linguistics, costumes, or way of living.


Religiously, Myanmar is known-to-be a Theravada Buddhism predominant country. Nevertheless, freedom of religion is in practice and people are allowed to pursue different faiths of religions as they wish. Distinctively, many forms of religious establishments such as Pagodas/Monasteries, Churches, Mosques and Hindu Temples are found across the country.


The four most recognized Buddhist pilgrimage sites are Shwedagon Pagoda in Yangon, Mahamuni Buddha and Bagan pagodas in Mandalay, and Kyaiktiyo Pagoda in Mon State.


Amongst them, Bagan has been a sacred landscape which exists of thousands of stupas and temples for nearly a millennium. It is a city which lies on a bend of the Ayeyarwaddy River in the central plain of Myanmar and features an exceptional array of Buddhist art, architecture and sculptures. As the place existed since the early Kingdom eras, it is a testimony of Buddhist cultural tradition. Notably, UNESCO officially inscribed Bagan as a World Heritage Site on 6 July 2019.


Another authentic culture of Myanmar is the celebration of corresponding festivals every month of a year. Since the early school days, children are taught in their lessons about these variety of festivals in poems and rhymes. Typically, Myanmar’s calendar year begins from the second half of April and end in the first half of April. To list a few, the month of April celebrates the Water Festival or the New Year. Another popular festival held in October is known as Thadingyut or the festival of lights. This festival also gives people across the country an opportunity to gather with their family members and relatives.


We also celebrate Christmas, Islamic Eids, Hindu Diwali.


In terms of art, Myanmar also possesses extraordinary music and dances. There are many musical instruments. Let’s me highlight few. The most prominent form of musical instrument is the Hsaing Waing created by different sizes of drums. They are melodically supported by other gongs, wooden block and a pair of cymbals to create authentic and classical music. These instruments are mostly performed together in an entertaining program called Anyeint. Basically, it is a popular type of historic entertainment combining dances, instrumental music, songs and comedy routines in theatrical performances. For others, the harp, which has a unique design and the xylophone made by bamboo are also precious forms of Myanmar musical instruments.


Meanwhile, the origin of Myanmar folk dance is traced back to the Pyu era, which is the 2nd century BC. Many different kinds of dance can be found in Myanmar. the Bilu Dance, in other words, the dance of ancient ogres or demons, is the oldest surviving dance dating around 2000 BC. In addition, Bagan dance, Ta Bin Taing or the princess dance, oil lamp dance and puppet-style dance are widely known. Nat-dances influenced by spiritual beliefs can be found. Outstandingly, all these dances are performed by wearing different authentic and traditional costumes and accessories that often catches attractions from the audiences from every corner of the world.


In terms of garment, Myanmar men wear paso and women tamein, although they are both know as longyi in a foreign language. In formal settings, men wear Tike Pone Jacket over a collar shirt, and women wear blouse and longyi with a shawl.


Guided by the religious teachings, people are naturally polite and honorific. For Buddhists, they always pay tribute to the Three Jewels and Five Beneficence. Visibly, loving, kindness, sharing and caring kinds of norms are at the heart of all people, whether young or old.

Whilst I appreciate the opportunity given to share the precious and unique culture of my own country as previously mentioned, I also wish to inform you the current situation in my beloved country Myanmar.


By the time I am attending this event, the beautiful and peaceful Myanmar in its nature is currently in turmoil due to the illegal military coup on 1 February 2021. The illegal coup took place in the midst of COVID 19. Throughout over these 2 years, the Myanmar military has been committing various atrocities. While the people peacefully request for restoration of democracy and the return of power to the people through the democratically elected civilian government, the inhumane military has been engaging campaign of terror against its own population in various vicious forms.


To this date, more than 3,590 people have been brutally killed by the military. Over 18,000 innocent people are unlawfully detained and sentenced. Beginning by shooting people in the foreheads and arbitrarily arresting people, the military has now gone wild by extrajudicially killing, burning down or destroying of over 60,000 houses, launching aerial attacks across the country and committing over 64 massacres. The military’s atrocities are amounting to crimes against humanity and war crimes.


Repeated calls of the people and the international community to end violence have been deliberately ignored by the military. The inhumane military has only continued to violate international law, international humanitarian and human rights law, and committing international crimes. It has been waging a war against its own people without any limits.


As a result, over 1.8 million people are now internally displaced; almost 18 million people are in need of humanitarian assistance; half of the population is now living under the national poverty line.


At the UN level, respective resolutions have been adopted by the General Assembly, the Security Council and the Human Rights Council to call on the military to stop its atrocities. But much more meaningful and effective actions must be taken. People are losing their lives every moment. No one in the country have the right to enjoy fundamental human rights. They are only suffering from the indiscriminate attacks of the military and are living under constant fear.


Powerful Cyclone Mocha that made landfall on the west of Myanmar on 14 May has further exacerbated the existing multiple crises the people are encountering due to the illegal military coup and its atrocities. It left extensive and catastrophic destruction along its path towards inland of Myanmar.


We are calling for the international community to provide humanitarian assistance to the people in need. It is imperative that assistance shall reach to all people in need especially those in conflict affected area, and shall be delivered without any hindrance.

The National Unity Government of Myanmar, established in accordance with the will of the Myanmar people, has been doing all it can in its utmost endeavour to help the people, as well as with the full support of the people to bring Myanmar back to its path towards democracy and to establish a federal democratic union that is of the people, for the people and by the people.


Myanmar people within and outside the country have been the biggest contributors to this people’s resistance against the military dictatorship. I sincerely thank our people in Myanmar as well as Myanmar Diasporas around the world. Without their support, our current revolution would not have been possible.


Therefore, I would also like to seek your kind attention on the issue of Myanmar and spread it to a wider community. Please extend your support towards the people of Myanmar in every possible ways.


Our people truly need the help from all friends and partners to overcome the crisis shortly.


Justice and democracy must prevail.


I thank you very much for your kind attention.



*****








bottom of page