top of page
  • Writer's pictureMyanmar Mission To UN

NUG's Statement on Terrorist Military Council’s Bombing of Munglai Hkyet IDP Camp near Laiza


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://nugmyanmar.org ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်


“လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်တပ်က ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်သည့် ကြေညာချက်”


၁။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ ည ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် (Munglai Hkyet) စစ်ဘေးရှောင်စခန်းအား အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့ကို တပြိုင်နက် အသုံးပြုကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

၂။ ကနဦးရရှိသော သတင်းများအရ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးသူငယ် ၁၃ ဦးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးထက်မနည်းရှိကြောင်း သိရှိရသည်။ မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင် နေဆဲဖြစ်ပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ ပိုမိုများပြားလာနိုင်ပါသည်။ ထို့အပြင် အဆိုပါ တိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးရှောင်စခန်းအပြင် စာသင်ကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ ကျောင်း၊ ဘုရားကျောင်း ၁ ကျောင်း နှင့် အရပ်သားလူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရ သည်ဟု သိရှိရသည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်သောစစ်ဘေးရှောင်စခန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်စွာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားများနှင့်အတူ တသားတည်း ရပ်တည်သွားမည်ဖြစ်သည်။ ကချင်တိုင်းရင်းသားများ၏ ထိခိုက်ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထပ်တူ နာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ရေးအတွက် အတူတကွ အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်သည်။

၅။ ယခုဖြစ်ရပ်သည် အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အချိန်ကိုက် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်သည်။

၆။ အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ ကျူးလွန်မှုများနှင့် အလားတူ ထပ်မံကျူးလွန်မှုများ မရှိစေရန် နိုင်ငံတကာအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နှင့်တပြေးညီ ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူပေးပါရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့်အတူ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် အလေးအနက် တောင်းဆိုတိုက်တွန်းလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ


Republic of the Union of Myanmar National Unity Government https://nugmyanmar.org 10 October 2023

Statement Regarding the Terrorist Military Council’s Bombing of the Munglai Hkyet IDP Camp near Laiza, Kachin State, Myanmar


  1. On 9 October 2023 at 11:25PM local time, the terrorist military council launched heavy artillery and coordinated airstrikes in a Time on Target attack on the Munglai Hkyet IDP Camp near Laiza in Kachin State.

  2. Based on initial reports, at least 30 have been killed, including women and 13 children and at least a further 57 have been injured. Rescue and recovery efforts are currently ongoing, and these numbers may increase. In addition, the destruction of one kindergarten, one school, one church and many civilians’ houses have been reported.

  3. This deliberate and targeted attack by the terrorist military council on civilians fleeing conflict constitutes a blatant crime against humanity and war crime.

  4. The National Unity Government strongly condemns this inhumane crime against humanity and war crime by the terrorist military council, and stands strongly together with the people of Kachin. The National Unity Government shares the pain from this tragic loss of many lives in the Kachin state, and commits to work together to our full ability to restore justice for all those affected.

  5. The terrorist military council has taken advantage of the moment of the international community’s attention on the recent developments of the Israel-Hamas conflict to commit yet another crime against humanity and war crime.

  6. In accordance with the UN resolution 2669, the National Unity Government strongly urges the international community to take timely and strong actions against the terrorist military council for their crimes against humanity, and to cooperate with the people of Myanmar to effectively prevent similar atrocities in Myanmar.

National Unity Government


Source: https://www.facebook.com/mofaNUG




bottom of page