top of page
  • Facebook Social Icon

News Release on Adoption of Resolution on Nuclear Disarmament at the First Committee of 76th UNGA

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 27, 2021
  • 1 min read

Updated: Oct 28, 2021


News release on adoption of resolution on nuclear disarmament at the First Committee of the Seventy-Sixth session of UN General Assembly on 27 October 2021, together with the resolution


[Below Myanmar Text]


(၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၌ မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား အတည်ပြု


(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)


၁။ (၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် နျူကလီးယားလက်နက်ဖျက်သိမ်းခြင်းဆိုင်ရာ ခေါင်းစဉ်အောက်မှ တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းများကို အရေးယူအတည်ပြုခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်မှ စတင်၍ သဘောထားချင်းတူညီသည့် နိုင်ငံများနှင့်အတူ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက်အဆိုမူကြမ်းကို နှစ်စဉ်တင်သွင်းခဲ့ကြောင်း၊ ယခုအဆိုမူကြမ်းသည် ယခင်နှစ် တင်သွင်းခဲ့သည့် အဆိုမူကြမ်းအပေါ် technical update နှင့် factual update သာ ပြုလုပ်ထား ခြင်းဖြစ်ကြောင်း၊ အဆိုမူကြမ်းတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် နျူကလီးယား လက်နက်ဖျက်သိမ်းမှုများကို သတ်မှတ်ထားသည့်အချိန်အတွင်း ဖျက်သိမ်းရန်၊ နျူကလီးယားလက်နက် ကင်းမဲ့ဇုံများ တည်ထောင်ရန်၊ နျူကလီးယားလက်နက်များ အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ရေးအတွက် ဆောင်ရွက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ နျူကလီးယားလက်နက်များ လျှော့ချရေးကို ဆက်လက် ဆောင်ရွက်ရန်၊ နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ကွန်ဗင်းရှင်း တစ်ခုပေါ်ပေါက် ရေးအတွက် လက်နက်ဖျက်သိမ်းရေးညီလာခံတွင် ဆွေးနွေးရန်၊ Comprehensive Test Ban Treaty (CTBT) အာဏာသက်ဝင်ရေးအတွက် ဆောင်ရွက်ရန် စသည့်အချက်များကို တိုက်တွန်းထားကြောင်း၊ ယခင်နှစ်များတွင် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုနှစ် တွင်လည်း ဤဆုံးဖြတ်ချက်အဆိုအပေါ် ဆက်လက်ထောက်ခံပေးကြပါရန် မေတ္တာရပ်ခံပါကြောင်းဖြင့် ပြောကြား၍ အဆိုမူကြမ်းကို မိတ်ဆက်ခဲ့ပါသည်။


၃။ ထို့နောက် မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် အဆိုပါ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်း A/C.1/76/L.39 ကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၁၁၉) မဲ၊ ကန့်ကွက်မဲ (၄၁) မဲ၊ ကြားနေမဲ (၂၃) မဲ ဖြင့် အတည်ပြုခဲ့ပါသည်။


၄။ အဆိုပါအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ပူးတွဲဖော်ပြအပ်ပါသည်။


ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။











Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page