top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at UNGA Plenary Meeting on Annual Report of UN Security Council





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the United Nations General Assembly Plenary Meeting on the Annual Report of the United Nations Security Council, held on 30 June 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာအား အထွေထွေညီလာခံသို့ တင်သွင်း၍ အတည်ပြုသည့် မျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်

သံအမတ်ကြီး ဦးကျော်မိုးထွန်း က “အခြေအနေအား ပိုမိုဆိုးရွားမသွားစေသင့်” ဟူသော ပြောကြားချက်များကို မကြာခဏ ကြားရလေ့ရှိကြောင်း၊ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရပ်တန့်အောင် တုံ့ပြန်ဆောင်ရွက်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ နိုင်ငံတကာပြစ်မှုများ ကျူးလွန်နေသူများအား အပြစ်ပေးအရေးယူခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ စစ်တပ်၏ ပြစ်ဒဏ်ခတ်မှုကင်းလွတ်နေခြင်းကို အဆုံးသတ်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်းဖြင့် ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်)


၁။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာ (Annual Report of the United Nations Security Council) ၂၀၂၂ ခုနှစ်အား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်း၍ အတည်ပြုသည့် မျက်နှာစုံညီအစည်းအဝေးအား ၃၀-၆-၂၀၂၃ ရက် (သောကြာနေ့)၊ နံနက် (၁၀၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အထွေထွေညီလာခံ သဘာပတိက မိန့်ခွန်းပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates) အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Lana Nusseibeh က ၂၀၂၂ ခုနှစ် အတွက် လုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာကို မိတ်ဆက်တင်သွင်းခဲ့ပါသည်။


၂။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၁) နိုင်ငံမှ ကိုယ်စားလှယ်များက ပါဝင်၍ မိန့်ခွန်းပြောကြားခဲ့ကြပြီး လုံခြုံရေးကောင်စီ၏ အားသာချက်များ၊ အားနည်းချက်များအပြင် လုံခြုံရေးကောင်စီအား ပြုပြင်ပြောင်းလဲရန် လိုအပ်နေခြင်း၊ ဤကဲ့သို့သော အရေးပါသည့် ကုလသမဂ္ဂ အင်္ဂါတစ်ခုအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအတည်ပြုရာ တွင် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုရှိရေး၊ ထိရောက်မှုရှိရေးနှင့် ဗီတိုအာဏာအသုံးပြုခြင်းအပေါ် ရှု့မြင်ချက်တို့ကို ဆွေးနွေးကြပါသည်။ ထို့အတူ ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာတွင် ယခင်နှစ်များ နည်းတူ အားနည်းချက်များ တွေ့မြင်ရကြောင်း၊ အထူးသဖြင့် အစီရင်ခံစာအား ထုတ်ပြန်ရာတွင် အစည်းအဝေးကျင်းပမှု အချက်အလက်များကို စုစည်းတင်ပြခြင်းထက် ဘာသာရပ်ဆိုင်ရာကိစ္စရပ်များ ကို ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာသုံးသပ်လေ့လာသည့် ရှုထောင့်ဖြင့် တင်ပြရန် အထူးလိုအပ်လျက် ရှိကြောင်း မီးမောင်းထိုးပြခဲ့ကြပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ပြောကြားခဲ့သည့် မိန့်ခွန်းတွင်မူ အောက်ဖော်ပြပါ အဓိက အချက်များ ပါဝင်ပါသည် -


(က) ယနေ့ကျင်းပသည့် အစည်းအဝေးသည် လုံခြုံရေးကောင်စီ တစ်ခုတည်းအတွက်သာမက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ကောင်စီ၏ လုပ်ငန်းဆောင်တာများ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် လက်ရှိဖြစ်ပေါ်နေသည့်၊ ဖြစ်ပေါ်လာလတ္တံ့သော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှုရှိခြင်းနှင့် မရှိခြင်း၊ ကောင်စီ၏ လုပ်ထုံးလုပ်နည်းများဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခွင့်ရသည့် ကောင်းမွန်သော အခွင့်အရေးတစ်ရပ်ပင်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဤဆွေးနွေးမှုမှတဆင့် လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံများ၊ အထူးအားဖြင့် ကြီးလေးသော တာဝန်ရှိသည့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကောင်စီ၏ အရေးယူဆောင်ရွက်ချက်များနှင့် အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အသံများ၊ အကြံပြုချက်များ၊ သို့တည်းမဟုတ် အချို့ဖြစ်စဉ်များအပေါ် ဖြစ်ပေါ်လျက်ရှိသည့် စိတ်ပျက်မှုများကို နားထောင်သင့်ကြောင်း၊


(ခ) အဓိကအားဖြင့် လုံခြုံရေးကောင်စီအား နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်ဟူသော ပင်မတာဝန်ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးက ကုလသမဂ္ဂ ပဋိညာဉ်အား လက်မှတ်ရေးထိုးခြင်းဖြင့် အပ်နှင်းထားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ ကောင်စီသည် ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ၊ အထူးသဖြင့် စာပိုဒ် (၂၄) နှင့်အညီ စုပေါင်းတာဝန်ယူမှု (collective responsibility) အား ထင်ဟပ်၍ အဖွဲ့ဝင်နိုင်ငံအားလုံးကို ကိုယ်စားပြုသည့် ပြယုဂ်အဖြစ် အဖွဲ့ဝင်နိုင်ငံ အားလုံးက မျှော်မှန်းထားကြောင်း၊ ထို့ကြောင့် “We the peoples of the United Nations” ဟူသော စကားရပ်ဖြင့် စတင်သည့် ကုလသမဂ္ဂပဋိညာဉ်၏ အနှစ်သာရကို မိမိအနေဖြင့် အလေးထားထောက်ပြလိုကြောင်း၊


(ဂ) လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီတွင် ဖြစ်ပွားနေသည့် ပြည်တွင်း နိုင်ငံရေး သို့မဟုတ် လူမှုရေး အငြင်းပွားမှုများကို မည်သို့ ဖြေရှင်းရမည်ဟူ၍ ပါဝင်လမ်းညွှန်ပေးရန် မရှိသော်လည်း၊ အချို့သော ဒေသတွင်းနှင့် နိုင်ငံတကာအပေါ် ရိုက်ခတ်မှုရှိသည့် အခြေအနေများတွင် ကောင်စီမှ အရေးယူဆောင်ရွက်ရန် ဆန္ဒမရှိခြင်း သို့မဟုတ် မစွမ်းဆောင်နိုင်ခြင်းတို့က သန်းပေါင်းများစွာ သော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ကြီးမားသောနောက်ဆက်တွဲဆိုးကျိုးများရှိစေကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်စဉ်သည် ယင်းအခြေအနေအတွက် အကောင်းဆုံးသော ဥပမာတစ်ခုပင်ဖြစ်ကြောင်း၊


(ဃ) မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ လုံခြုံရေး ကောင်စီအနေဖြင့် ထုတ်ပြန်ချက် (၇) စောင်နှင့် ကောင်စီဥက္ကဋ္ဌထုတ်ပြန်ချက် (၁) စောင်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လုံခြုံရေးကောင်စီအနေဖြင့် သမိုင်းဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့ကြောင်း၊


(င) မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေအား ဤမျှသာ တုံ့ပြန်ခြင်းက စစ်အာဏာရှင်၏ အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုအား ခံစားနေရသည့် မြန်မာပြည်သူများ အတွက် စိတ်ပျက်ရစေကြောင်း၊


(စ) လုံခြုံကောင်စီအနေဖြင့် မတရားစစ်အာဏာသိမ်းမှု စတင်ခဲ့သည့် အစောပိုင်းကာလမှာပင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဖမ်းဆီးထိန်းချုပ်ခံထားရသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့သည် စစ်တပ်၏ ဥပဒေမဲ့ တရားစီရင်မှုများဖြင့် ယနေ့တိုင် မတရားအကျဉ်းချခံနေကြရကြောင်း၊ တစ်ဖက်တွင်လည်း ကောင်စီအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုအား ရှုတ်ချခဲ့ပြီး ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော် ယခု (၂) နှစ် ကျော်ကာလအတွင်း၌ ကောင်စီမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြီးတိုင် စစ်တပ်က သာ၍ အကြမ်းဖက်ရက်စက်သော ပြစ်မှုများကိုသာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြောင်း၊


(ဆ) လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို (၂၆၆၉) တွင် အကြမ်းဖက်မှုအားလုံးကို ချက်ချင်း ရပ်တန့်ရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေးကောင်စီမှ အတည်ပြုချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုနှင့် ထုတ်ပြန်ချက်များကို ကြိုဆိုခဲ့ကြောင်း၊ သို့သော် လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိကြောင်း၊ ထို့နည်းတူ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း၊


(ဇ) အမှန်အားဖြင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေကသာ ပကတိဆိုးရွားမှု အတိုင်းအတာကို ပြသနိုင်ကြောင်း၊ စစ်အာဏာရှင်အနေဖြင့် ယနေ့အထိ အပြစ်မဲ့ပြည်သူ (၃,၇၂၈) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူလူထုနေထိုင်ရာ မြို့နယ်များနှင့် ကျေးရွာများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လူဦးရေ (၁.၅) သန်းကျော်သည် နေရပ်စွန့်ခွာသူများ ဖြစ်နေရကြောင်း၊ စစ်တပ်အနေဖြင့် ပြည်သူများကို ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း အတွက်လည်း ပြစ်ဒဏ်ကင်းလွတ်လျက်ရှိကြောင်း၊


(ဈ) စစ်တပ်ကျူးလွန်သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအနက် ယခုနှစ် ဧပြီလ (၁၁) ရက်နေ့ က ပဇီကြီးကျေးရွာရှိ ရွာသူရွာသားများ စုဝေးစဉ် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုဖြစ်စဉ်သည် အဆိုးရွားဆုံးဖြစ်စဉ် တစ်ခုဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် လူ (၂၀၀) ခန့် သေဆုံးခဲ့ပြီး (၆) လအရွယ် ကလေးငယ်ပင် ပါဝင်ကြောင်း၊ ယင်းလုပ်ရပ်များသည် သီးခြားဖြစ်စဉ်များ မဟုတ်ဘဲ စစ်တပ်မှ ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များ ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များမှာ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ပြုလုပ်သည့် တိုက်ခိုက်မှုများဖြစ်ကြောင်း၊ စစ်တပ်၏ လုပ်ရပ်များသည် လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများ ဖြစ်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM က ထောက်ပြထားကြောင်း၊


(ည) ဖော်ပြပါအချက်များကို အခြေခံ၍ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ကယ်တင်ရန် လုံခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ လိုအပ်သည်မှာ သိသာထင်ရှားကြောင်း၊ ထုတ်ပြန်ချက်များနှင့် ရှုတ်ချမှုများသည် လုံလောက်မှု မရှိကြောင်း၊


(ဋ) မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ အနီးကပ် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို လေးစားတန်ဖိုးထားကြောင်း၊ သို့ဖြစ်ရာ အာဆီယံ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသကဲ့သို့ အထူးကိုယ်စားလှယ်မှ မြန်မာပြဿနာအတွက် အဖြေရှာပေးရန် ကြိုးပမ်းဆောင်ရွက်ချက်ကိုလည်း ထောက်ခံအားပေးကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အာဆီယံတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊


(ဌ) အာဆီယံ၏ လုပ်ဆောင်ချက်များ အပါအဝင် အလုံးစုံသော ဆောင်ရွက်ချက်များအတွက် လုံခြုံရေးကောင်စီ၏ ပံ့ပိုးမှုနှင့် စည်းနှောင်မှုပါဝင်သည့် အရေးယူဆောင်ရွက်ချက်တို့ကို လိုအပ်ကြောင်း၊

(ဍ) မိမိတို့အနေဖြင့် ဆိုးရွားနေသည့် မြန်မာနိုင်ငံအခြေအနေအတွက် လုံခြုံရေးကောင်စီထံမှ အဖြေတစ်ခုကို ရိုးရှင်းစွာ ရှာဖွေနိုင်မည်ဟု မမျှော်မှန်းကြောင်း၊ သို့သော်လည်း မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံရေးကောင်စီထံမှ အကာအကွယ်ပေးနိုင်ရန် မျှော်လင့်လျက်ရှိသည့်အချက်မှာ ကျိုးကြောင်းဆီလျော်မှု ရှိကြောင်း၊


(ဎ) မိမိတို့အနေဖြင့် “အခြေအနေအား ပိုမိုဆိုးရွားမသွားစေသင့်” ဟူသော ပြောကြားချက်များကို မကြာခဏ ကြားရလေ့ရှိကြောင်း၊ မိမိတို့အနေဖြင့် သဘောတူပါကြောင်း၊


(ဏ) ဤနေရာတွင် မြန်မာနိုင်ငံ၌ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရပ်တန့်အောင် တုံ့ပြန်ဆောင်ရွက်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ နိုင်ငံတကာပြစ်မှုများ ကျူးလွန်နေသူများအား အပြစ်ပေး အရေးယူခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ စစ်တပ်၏ ပြစ်ဒဏ်ခတ်မှု ကင်းလွတ်နေခြင်းကို အဆုံးသတ်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊


(တ) အထက်ပါအတိုင်း ဆောင်ရွက်မှသာလျှင် ပြည်သူ့ဆန္ဒနှင့်ညီညွတ်သော အားလုံးအတွက် သင့်လျော်သည့် ကောင်းမွန်သောရပ်ဝန်းတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့် ရည်မှန်းချက်များအား အထူးအလေးပေး အာရုံထားရန်နှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၂၆၆၉) အား လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စည်းနှောင်မှုပါဝင်သည့် နောက်ဆက်တွဲအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ထပ်လောင်းတောင်းဆိုလိုကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

at the United Nations General Assembly Plenary Meeting on the Annual Report of the United Nations Security Council


(New York, 30 June 2023)


Mr. President,


Let me begin by thanking you for convening today’s debate and the United Arab Emirates as the President of the Security Council for presenting the Council’s annual report for 2022.


Mr. President,


Today’s debate on the Security Council’s annual report provides a great opportunity not only for the whole UN membership but also for the Council itself. It affords all member states a chance to assess the work of the Council including its effectiveness as well as dysfunction in responding to existing and emerging threats to international peace and security, and progress of transparency in its working methods. And the members of the Security Council, especially the Permanent Members with their special responsibility, should take this opportunity to hear the voices, suggestions or in some cases, frustrations of the UN membership towards the Council’s actions or inactions.


It is all UN member states which, by signing the UN Charter, confer on the Security Council primary responsibility for the maintenance of international peace and security. Therefore, Member states expect the Council to be a reflection of collective responsibility since, by the terms of the Charter, specifically Article-24, the Security Council acts on their behalf.


As such, I wish to stress the letter and spirit of the UN Charter which begins with “We the peoples of the United Nations”.


Mr. President,


The Security Council is not expected to dictate how to resolve every domestic political or social dispute in every UN member state. However, in some situations with regional and international ramifications, the Council’s unwillingness or inability to act has profound consequences on the lives of millions of people. My country Myanmar is one fine example of such situations.


Since the illegal military coup in February 2021, the Security Council has issued 7 press statements and one presidential statement. In December 2022, the Security Council took a historically significant step by adopting the first-ever resolution on Myanmar.


However, an objective reflection of the Security Council’s response so far to the deteriorating situation in Myanmar is discouraging to the people of Myanmar who are under relentless violent assaults from the military junta.


Since the early days of the attempted illegal coup, the Security Council has been repeatedly calling for the immediate release of all those arbitrarily detained including President U Win Myint and State Counsellor Daw Aung San Suu Kyi. Yet, they are now still in the junta’s hostage following the sham trials. The Council strongly condemned the junta’s violence against peaceful protesters and called for restraint. During these two and half years, almost every statement of the Council was followed by more brutal violence of the military junta.


In the resolution 2669, the Security Council demanded an immediate end to all forms of violence and called for swift implementation of ASEAN 5-Point consensus among others.


While we welcome and appreciate the Council’s statements and resolution, we have seen that each and every call of the Security Council has fallen on deaf ears of the military junta which is waging war on its own people.


There is no progress on the implementation of ASEAN 5-point consensus.


The reality on the ground itself tells the worsening situation: as of today the junta has brutally killed over 3728 people; the indiscriminate aerial and heavy-weapon attacks on the civilian population and whole-sale burning of residential towns and villages still go on and has displaced over 1.5 million people; targeted killings of civilians continue unabated with total impunity.


One of the worst massacres was the heinous targeted aerial attack on a civilian gathering in Pazigyi village on 11 April this year that killed nearly 200 civilians including children as young as 6 month-old baby. These brutal conducts are not isolated incidents. They are targeted attacks against the civilian population. They are so widespread and systematic that the UN Independent Investigative Mechanism for Myanmar (IIMM) concluded they could amount to crimes against humanity and war crimes.


From all of these, one thing has become clear: we need decisive action from the Security Council to save lives of Myanmar people. Statements and condemnations are evidently insufficient.


We value the important principle of close cooperation between the United Nations and regional organizations. Accordingly, we recognize the role of ASEAN and support its Special Envoy in trying to find a solution to the crisis in Myanmar. However, ASEAN alone is not enough.


All ongoing efforts including those of ASEAN need to be backed by the Security Council with enforceable actions with a particular focus on ending ongoing violence against the civilians.


We do not expect a simple solution from the Security Council for our devastating situation. However, it is not unreasonable of Myanmar people to expect the UN Security Council to do something to protect their lives.


There is an argument we frequently hear that says “we should not make the situation worse”. We could not agree more.


Responding to stop atrocities against civilians and war crimes in Myanmar will not make the situation worse.


Holding perpetrators of international crimes accountable will not make it worse.


Ending military impunity will not make it worse.


In fact, doing so will largely contribute to creating an environment conducive towards an eventual resolution in accordance with the people’s aspiration.


Therefore, taking this opportunity, I again appeal to the UN Security Council to pay serious attention to the expectations and aspirations of the people of Myanmar and take follow-up enforcement actions on the implementation of the resolution 2669 in order to save lives of the people of Myanmar.


I thank you.



**********









Comentários


bottom of page