top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Discussion under Agenda Item 71 at 3C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion under Agenda Item 71: Promotion and protection of human rights at the Third Committee of the Seventy-Eighth Session of the United Nations General Assembly, held on 18 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ “လူ့အခွင့်အရေး ကာကွယ်မြှင့်တင်မှု” ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှု ပြုလုပ်ရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိသော စစ်တပ်၏ လုပ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်ကြောင်း၊ စင်စစ်အားဖြင့် စစ်တပ်သည် အရပ်သားပြည်သူ နေထိုင်ရာ နေရာဒေသများကို အဆင်အခြင်မဲ့ လေကြာင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် နည်းလမ်းများဖြင့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ၊ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)


၁။ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) တွင် ၁၇-၁၀-၂၀၂၃ ရက် (အင်္ဂါနေ့) နှင့် ၁၈-၁၀-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့) တို့တွင် “လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှု” ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှု (General Discussion) အား ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၁၀) ကျော် ပါဝင်ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ၁၈-၁၀-၂၀၂၃ ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

(က) လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့အား လေးစားလိုက်နာရန် တိုက်တွန်းခြင်းနှင့် မြှင့်တင်ခြင်းတို့သည် ကုလသမဂ္ဂ၏ အဓိကရည်ရွယ်ချက်များအနက် တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါရည်ရွယ်ချက်ကို သိရှိနားလည်၍ ကုလသမဂ္ဂအား ဗဟိုပြုလျက် သိသာထင်ရှားသည့် တိုးတက်မှုများစွာကို လွန်ခဲ့သော (၇၅) နှစ်အတွင်း၌ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊

(ခ) သို့သော် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူ့အခွင့်အရေးအား လေးစားလိုက်နာခြင်းသည် ကမ္ဘာတဝှမ်း၌ စိန်ခေါ်မှုများစွာကို ဆထက်တပိုး ရင်ဆိုင်နေရလျက်ရှိကြောင်း၊ သန်းပေါင်း များစွာသော ပြည်သူများသည် ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးကိုပင်လျှင် ခံစားခွင့် ရရှိရန် ငြင်းပယ်ခံနေရပြီး အခြေခံအခွင့်အရေးများအတွက် ခုခံကာကွယ်ပေးနေသူများ သည်လည်း ပြစ်ဒဏ်ပေးခံနေရကြောင်း၊

(ဂ) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ဆိုးရွားသည့် လူ့အခွင့်အရေးအခြေအနေကို ဤ ကော်မတီအနေဖြင့် ကောင်းမွန်စွာ သိရှိပြီးဖြစ်ကြောင်း၊ ဤကော်မတီသို့ တင်သွင်းထား သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၊ အထူးအစီရင်ခံစာ တင်သွင်းသူနှင့် လွတ်လပ်သည့် အထူးစုံစမ်းစစ်ဆေးရေး ယန္တရားတို့မှ နောက်ဆုံး ထုတ်ပြန်ထားသည့် အစီရင် ခံစာများသည် တရားမဝင် အာဏာသိမ်းစစ်တပ်မှ မြန်မာပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့် နှင့် ပြည်သူများ လုံခြုံမှု အပါအဝင် အခြေခံ အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ မည်သို့ ချိုးဖောက်ထားသည်ကို ရှင်းလင်းမြင်သာမှုရှိစေရန် စုစည်း ဖော်ပြထားပြီးဖြစ်ကြောင်း၊

(ဃ) လွန်ခဲ့သော (၃၃) လ က တာဝန်ခံမှု ကင်းမဲ့သော စစ်တပ်သည် မတရား စစ်အာဏာသိမ်း ခြင်းဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အရပ်သားအစိုးရကို ဖယ်ရှားခဲ့ကြောင်း၊ ယင်းမှာ ဒီမိုကရေစီနည်းအရ အစိုးရတစ်ရပ်အား ရွေးချယ်ပိုင်ခွင့်ရှိ သော မြန်မာပြည်သူများ၏ အခွင့်အာဏာကို ငြင်းပယ်ခြင်းမည်ကြောင်း၊

(င) ဆက်လက်ပြီး စစ်တပ်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု များစွာကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ခဲ့ကြောင်း၊ စစ်တပ်နှင့် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်တို့အား ကျင့်သုံးခဲ့သည့် မြန်မာပြည်သူ များကို နေ့အချိန်မှာပင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊

(စ) မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ စစ်တပ်သည် အရပ်သားပြည်သူ (၄,၁၀၀) ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို လည်း စစ်တပ်၏ လျှို့ဝှက်၍ မသမာသော တရားခွင့်များဖြင့် ဥပဒေမဲ့ကွပ်မျက်စီရင် လျက်ရှိကြောင်း၊

(ဆ) မြန်မာနိုင်ငံသည် Convention on the Rights of the Child (CRC) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ကွန်ဗင်းရှင်းများ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံအတွင်း၌ အဆိုပါစာချုပ်စာတမ်းများပါ အခွင့်အရေးများနှင့်အညီ အခွင့်အရေး ခံစားခွင့်အား အာမခံချက်ပေးကာ စောင့်ရှောက်နိုင်သည့် ဥပဒေစနစ်နှင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေကြောင်း၊ လွန်ခဲ့သော သီတင်းပတ်အတွင်း၌ပင် ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းအား စစ်တပ် က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ကလေးငယ် (၁၃) ဦး အပါအဝင် လူပေါင်း (၃၀) ကျော် သေဆုံးခဲ့ကြောင်း၊

(ဇ) မြန်မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိသော စစ်တပ်၏ လုပ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်ကြောင်း၊ စင်စစ်အားဖြင့် စစ်တပ်သည် အရပ်သားပြည်သူ နေထိုင်ရာ နေရာဒေသများကို အဆင်အခြင်မဲ့ လေကြာင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် နည်းလမ်းများဖြင့် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများ၊ အထူးအားဖြင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း၊

(ဈ) ယခုနှစ် IIMM ၏ အစီရင်ခံစာတွင် “မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် ကြီးလေး သော နိုင်ငံတကာရာဇဝတ်မှုများအား ဖော်ပြသည့် အထောက်အထား အခိုင်အမာရှိ ကြောင်း၊ ထို့အတူ ဖမ်းဆီးစဉ် အဓမ္မပြုကျင့်ခြင်း အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက်လည်း ခိုင်လုံသော သက်သေအထောက်အထား များရှိသည်” ဟု အတည်ပြုထားပါကြောင်း၊

(ည) မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင်အာဏာသိမ်းမှုကို ဆက်လက်လုပ်ဆောင်နေသည် နှင့်အမျှ မြန်မာပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ခွင့် အပါအဝင် ၎င်းတို့၏ လူ့အခွင့်အရေးများကို ခံစားခွင့် မရှိသလောက် နည်းပါးနေမည်ဖြစ်ကြောင်း၊ စစ်တပ် အပေါ် ရသမျှအခွင့်အရေးကို အသုံးပြု၍ ဆန့်ကျင်နေသည့် မြန်မာပြည်သူများအား စစ်တပ်အနေဖြင့် အုပ်ချုပ် နိုင်သည့် တရားဝင်မှုမရှိပါကြောင်း၊ အထူးသဖြင့် စစ်တပ်၏ စွမ်းဆောင်ရည်မဲ့မှုကြောင့် တိုင်းပြည်၏ စီးပွားရေးမှာ ထိခိုက်ပျက်စီးလျက်ရှိပြီး နိုင်ငံလူဉီးရေထက်ဝက်ခန့်သည်လည်း ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နေပြီ ဖြစ်ကြောင်း၊

(ဋ) ဤတွင် မြန်မာပြည်သူများအပေါ် လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် စစ်တပ်ကြောင့် ရိုဟင်ဂျာများအနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်သို့ ရေရှည် တည်မြဲသည့် ပုံစံမျိုးဖြင့် ပြန်လည်လာရောက်နိုင်မည်မဟုတ်သည်ကို နိုင်ငံများအနေဖြင့် သိရှိသင့်ကြောင်း၊ ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ သဟဇာတဖြစ်စွာ ပြန်လည်လာရောက်နိုင်ရေးသည် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှုရှိရေးသို့ မည်မျှမြန်ဆန်စွာ ပြန်လည်ကူးပြောင်းနိုင်မည့် အခြေအနေအပေါ် မူတည်ကြောင်း၊

(ဌ) မြန်မာနိုင်ငံတွင် အောက်ဖော်ပြပါအချက်များ ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်း၏ အကူအညီကို လိုအပ်ပါကြောင်း-

(၁) ရိုဟင်ဂျာများ နေရပ်ပြန်လည်သွားရောက်နိုင်ရန်၊

(၂) နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည် ပြည်သူ (၂) သန်း ခန့် ၎င်းတို့၏ ပုံမှန်ဘဝများ၌ ပြန်လည်နေထိုင်နိုင်ရန်၊

(၃) အသက်ကယ်အကူအညီများအပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိသော ပြည်သူ (၁၈) သန်းအနေဖြင့် လုံခြုံစိတ်ချရသော ဘဝများတွင် နေထိုင်နိုင်ရန်၊

(၄) ဗုံးခိုကျင်းများတွင် စာသင်ကြားနေရသည့် ကျောင်းသူကျောင်းသားများအနေဖြင့် စာသင် ကျောင်းများ၌ ကျောင်းသင်ခန်းစာများ ပြန်လည်ဆည်းပူးခွင့် ရရှိနိုင်ရန်နှင့်

(၅) တရားဥပဒေစိုးမိုးမှုဖြင့် လူ့အခွင့်အရေးအား ကာကွယ်မြှင့်တင်ပေးနိုင်သည့် တည်ငြိမ်အေးချမ်းသော နိုင်ငံအဖြစ် ပြန်လည်တည်ထောင်နိုင်ရန်၊


(ဍ) ထို့ကြောင့် မိမိအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှုအား အပြီးတိုင် ရပ်တန့်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား ထိရောက်သော၊ အားလုံးပါဝင် သော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အဖွဲ့အစည်းများဖြင့် တည်ဆောက်နိုင်ရန် တစ်နိုင်ငံ ချင်း အနေဖြင့်သော် လည်းကောင်း၊ နိုင်ငံအများ စုပေါင်းအင်အားဖြင့်သော်လည်းကောင်း ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရန် တောင်းဆိုလိုပါကြောင်း၊

(ဎ) မည်သည်နေရာတွင် ဖြစ်ပွားသည်မဆို အရပ်သားနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှု ကို လက်ခံနိုင်မှု မရှိကြောင်း၊ ချက်ချင်း ရပ်ရမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသတွင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြေကွဲ ရပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

at the General Discussion under Agenda Item 71: Promotion and protection of human rights at the Third Committee of the Seventy-Eighth Session of the United Nations General Assembly


(New York, 18 October 2023)

Mr. Chair,


Promoting and encouraging respect for human rights and for fundamental freedoms for all is one of the key purposes of the United Nations. The international community with the United Nations at the center has made significant progress in realization of this purpose over the past 75 years, from the development of human rights norms to the emergence of international conventions on specific rights. Despite this, universal respect for and observance of human rights still face mounting challenges across the world. For millions of people, their enjoyment of even basic human rights is being denied and many are being punished for their defence of fundamental rights.


Human rights are not a set of menu from which we pick and choose based on our preferences. It is important that we take a balanced approach towards the realization of all human rights as they are interconnected. Amid today’s growing geopolitical tensions, we should not forget the fact that many ongoing violent conflicts in different parts of the world stemmed from disregard for human rights and rule of law or inability to realize human rights including the right to development.


The United Nations, its principal organs and human rights mechanisms including treaty bodies continue to play a crucial role in promoting and protecting human rights for all people around the world. We support UN programmes aimed at increasing knowledge, awareness and understanding of human rights especially among younger generations. It is also important that the United Nations continue to support member states through capacity building and technical cooperation in addressing their human rights challenges.


Mr. Chair,


The devastating human rights situation of my country Myanmar is well known to this Committee. The latest reports before the Committee by the Secretary-General, the High Commissioner for Human Rights, the Special Rapporteur and the Independent Investigative Mechanism for Myanmar collectively provide a clear picture of how Myanmar people’s fundamental rights including their rights to life and personal security are being violated by the illegal military junta in a widespread and systematic manner.


Over 33 months ago, the unaccountable military perpetrated the illegal coup against the democratically elected government of Myanmar, denying Myanmar people’s democratic rights to elect their own government. Their illegal action was followed by flagrant disregard for human rights. Myanmar people who exercised their freedom of speech and peaceful assembly got brutally shot by the military and security forces in broad daylight.


So far, the military junta forces have murdered more than 4,100 civilians since the coup. There have been arbitrary executions of democracy activists following the secret sham military trials. Although Myanmar is a state party to a number of international human rights conventions including the Convention on the Rights of Child, there is currently no rule of law and legal safeguards to guarantee the people’s enjoyment of rights obligated by those international treaties. Just last week, 13 children were among 30 people killed by the military’s aerial attack against an IDP camp in Laiza, Kachin State.


What the military junta is doing to Myanmar people are not mere human rights abuses. In fact, the junta forces are committing serious international crimes, specifically crimes against humanity and war crimes through indiscriminate airstrikes against the civilian population, brutal mass killings and whole-sale burning of civilian homes. In this year’s report, the Independent Investigative Mechanism for Myanmar reaffirms that “there is strong evidence indicating that serious international crimes are being inflicted against the people in Myanmar. There is also strong evidence that crimes against humanity have been committed, including rape in detention among others.”


Mr. Chair,


There is little or no possibility that Myanmar people will enjoy their human rights including the right to development as long as the illegal military junta continues its attempted coup. They do not have any legitimacy to govern the people of Myanmar who take every opportunity to oppose them. Their mismanagement of the economy and destruction of business environment have left nearly half of the population in poverty.


Member states here should be well aware that the repatriation of the Rohingya from Bangladesh will never happen in a sustainable manner under the inhumane military which is committing atrocity crimes against the people of Myanmar. Their safe return and harmonious reintegration into Myanmar largely depends on how quickly Myanmar can get back on a path to democracy and the rule of law.


In conclusion, for the Rohingya to be able to return, for nearly two million IDPs within Myanmar to go back to their normal life, for 18 million people who are in need of humanitarian assistance including life-saving assistance to be back in a safe life, for students who are learning in bomb shelters to return to in proper school chairs, for Myanmar to be put back on a path to a peaceful and stable country where human rights are protected by the rule of law, Myanmar people need support from the international community.


In this regard, I call on all member states particularly the Security Council members to take decisive actions individually or collectively to help end the illegal military junta and establish a federal democratic union with effective, inclusive and accountable institutions.


Any attacks against civilian areas anywhere is not acceptable. Must stop now. We join others in mourning the loss of innocent civilians in the Middle East.


I thank you.



*****













bottom of page